SINGAPORE TOUR

04 Days / 03 Nights

စင်ကာပူသီးသန့် ခရီးစဉ်

(၀၃ ညအိပ် ၀၄ ရက်ခရီး)

 

Day 1/                Yangon - Singapore (3K 582 11:15 15:45)                   (Dinner)

 

ယနေ့မနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် တွင် စုစည်းကြပြီး အဖွဲ့ခေါင်းဆောင်နှင့်အတူ Jetstar လေကြောင်းလိုင်းဖြင့် စင်ကာပူနိုင်ငံသို့ ပျံသန်းသွားရောက်ကြပါမည်။ စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ်သို့ ဆိုက်ရောက်သည်နှင့် ထိုနိုင်ငံ၏ အလှဆုံးရှု့ခင်းနေရာဖြစ်သော Maria Bay Sands ဟိုတယ်ကြီးနှင့် ခြင်္သေ့ရုပ် Merlion တို့တည်ရှိရာ Merlion Park သို့သွားရောက်လည်ပတ်ပြီး အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးကြမည် ဖြစ်ပါသည်။ ထို့နောက် စင်ကာပူနိုင်ငံရှိ ရွှေမြန်မာတို့စုံစည်းရာ Peninsula Plaza သို့သွားရောက် လည်ပတ်ကြပါမည်။ ညပိုင်းတွင် ညစာသုံးဆောင်ကြပြီး ဟိုတယ်သို့သွားရောက် အနားယူ တည်းခိုကြပါမည်။

 

Day 2/                Sentosa (Universal Studio Singapore, Wings of Time) (Breakfast/Lunch/Dinner)

 

မနက်စာသုံးဆောင်ပြီးသည်နှင့် အဖိုးတန်ရတနာပစ္စည်းများ ထုတ်လုပ်ရောင်းချရာ Diamond Industry သို့သွားရောက်လည်ပတ်ကြပြီးနောက် ကမ္ဘာ့အဆင့်မှီ နာမည်ကျော် Universal Studio ကစားကွင်းသို့ ပို့ဆောင်ပေးပါမည်။ ကစားကွင်းအတွင်းတွင်ရှိသော များပြားလှစွာသော ကစားနည်းများကို ပျော်ရွှင်စွာဆော့ကစားရင်း နေ့လည်စာကူပွန် (S$ 10) များဖြင့်နေ့လည်စာသုံးဆောင်ကြပါမည်။ ညနေစောင်းပိုင်းမှာတော့ ညနေစာသုံးဆောင်ကြပြီး Wings Of the Time Show ကိုကြည့်ရှု့ခံစားကြပြီးနောက် ဟိုတယ်သို့ပြန်လည် အနားယူကြပါမည်။     

 

Day 3/                Jurong Bird – Gardens by the Bay – Orchard Shopping (Breakfast/Lunch/Dinner)

 

မနက်စာသုံးဆောင်ပြီးနောက် စင်ကာပူနိုင်ငံ၏ငှက်ဥယျာဉ် Jurong Bird Park မှာအချိန်ယူလည်ပတ်ကြပြီး နေ့လည်စာကို Korean Barbeque ဆိုင်တွင်သုံးဆောင်ကြပါမည်။ ပြီးနောက်စင်ကာပူနိုင်ငံ၏ အဓိက Shopping Area ဖြစ်သော Orchard Street တွင် စိတ်တိုင်းကြလည်ပတ်ဈေးဝယ်ထွက်ကြပါမည်။ ညနေပိုင်းတွင် Gardens By the Bay သို့သွားရောက်ကြပြီး ဥယျာဉ်အတွင်းရှိ Flower Dome နှင့် Cloud Forest သို့လည်ပတ်ကြည့်ရှု့ကြပါမည်။ ထို့နောက် ညစာသုံးဆောင်၍ ဟိုတယ်တွင် အိပ်စက်အနားယူပါမည်။

 

Day 4/                Singapore - Yangon (3K 581 08:55 10:30)                   (Breakfast)

 

မနက်စာသုံးဆောင်ပြီးနောက်မှာတော့ ဟိုတယ်မှ Check-out လုပ်ကြပြီး စင်ကာပူနိုင်ငံကို နှုတ်ဆက်ကာ ချန်ဂီလေဆိပ်မှတစ်ဆင့် ရန်ကုန်မြို့သို့ပြန်လည်ထွက်ခွာကြပါမည်။

 

ခရီးစဉ်တွင်ပါဝင်သော ၀န်ဆောင်မှု့များ

 

  • ပြည်ဝင်ခွင့် ဗီဇာ
  • အသွားအပြန်လေယာဉ်လက်မှတ် (Jet star 20kg luggage)
  • 3 Stars Hotel တည်းခိုစရိတ်များ
  • မနက်စာ၊ နေ့လည်စာနှင့် ညစာဝန်ဆောင်မှု့များ (ဖော်ပြထားသည့်အတိုင်း)
  • Attraction Ticket များ
  • ကားဖြင့်လည်ပတ်စရိတ်များ
  • Guide နှင့် Driver Tipping များ

 

ခရီးစဉ်တွင်မပါဝင်သော ၀န်ဆောင်မှု့များ

 

  • Personal Expenses
  • လေယာဉ်ပေါ်အစားအသောက်
  • Day 3 Shopping အစီအစဉ်နှင့် နေ့လည်စာ နှင့် ညစာ

 

~~~~ ကြည်နူးပျော်ရွှင်ဖွယ်ရာ ခရီးစဉ်ဖြစ်ပါစေကြောင်း NEW HIGHLIGHT မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါသည် ~~~~

 

Tour Program Type: