PATTAYA BEACH - BANGKOK

04 Days / 03 Nights

ခရီးစဉ်အပြည့်အစုံ

ရန်ကုန် -  ပတ္တရား - ဘန်ကောက် - ရန်ကုန်

(၀၃ ညအိပ် - ၀၄ ရက်ခရီး)

 

Day 1: Yangon – Bangkok – Pattaya (L, D)
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မြန်မာ့လေကြောင်းခရီးစဉ် 8M 335 ဖြင့် ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်သို့ နံနက် ၀၈း၄၀ နာရီတွင် စတင်ထွက်ခွာပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်သို့ နံနက် ၁၀း၂၅ နာရီတွင် ပျံသန်းရောက်ရှိပါမည်။ ဘန်ကောက် လေဆိပ်တွင် ဒေသဆိုင်ရာ ဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုပြီး နေ့လည်စာသုံးဆောင်ပါမည်။ နေ့လည်စာသုံးဆောင်ပြီးပါက ပတ္တရားမြို့သို့ ဆက်လက်၍ ခရီးဆက်ပါမည်။ ပတ္တရားမြို့သို့ ရောက်ရှိပါက ဟိုတယ်တွင် Check-in ၀င်ပြီး ခေတ္တအနားယူ အပန်းဖြေပါမည်။ ညနေပိုင်းတွင် ထိုင်းနိုင်ငံ၏ နာမည်ကျော် ရှိုးပွဲဖြစ်သော Alcarzar Show ခေါ် Lady boy လေးများ၏ ကပြဖျော်ဖြေပွဲသို့ သွားရောက်ကြည့်ရှုရင်း အမှတ်တရ ဓါတ်ပုံများ ရိုက်ကူနိုင်ပါသည်။ ထို့နောက် ညစာကို ဒေသခံစားသောက်ဆိုင်တွင် သုံးဆောင်ပြီး ဟိုတယ်တွင် အိပ်စက်အနားယူကြပါမည်။

 

Day 2: Pattaya – Bangkok    (B, L, D)
ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီး ပတ္တရားမြို့မှ ပြန်လည်ထွက်ခွာပါမည်။ အပြန်လမ်းခရီးတွင် ပန်းမျိုးစိတ်ပေါင်းများစွာနှင့် အံ့သြဖွယ် အလှဆင်ပုံဖော်ထားသော Nong Nooch ဥယျာဉ်သို့ ၀င်ရောက်လည်ပတ်ပါမည်။ ဥယျာဉ်အတွင်းတွင် အမှတ်တရဓါတ်ပုံများ ရိုက်ကူးပြီး ထိုင်းလှပျိုဖြူလေးများ ကပြတင်ဆက်သော ရိုးရာယဉ်ကျေးမှု အကများနှင့် ဆင်လိမ္မာအကများကိုလည်း သွားရောက်ကြည့်ရှုကြပါမည်။ ထို့နောက် ဘန်ကောက်မြို့သို့ ဆက်လက်ထွက်ခွာပြီး နေ့လည်စာကို ထိုင်းရိုးရာစားသောက်ဆိုင်တွင် သုံးဆောင်ပါမည်။ နေ့လည်စာ သုံးဆောင်ပြီးနောက် ထိုင်းနိုင်ငံ၏ တန်ခိုးကြီးဘုရားတစ်ဆူအဖြစ် ထင်ရှားကျော်ကြားသော Emerald Buddha ခေါ် မြဘုရားသို့ သွားရောက်ဖူးမြှော်ပါမည်။ ဆက်လက်၍ အနောက်တိုင်းဗိသုကာလက်ရာများ ပေါင်းစပ်ထားသော ထိုင်းဘုရင့်နန်းတော်သို့ သွားရောက် လေ့လာလည်ပတ်ရင်း အမှတ်တရ ဓါတ်ပုံများရိုက်ကြပါမည်။ ညနေပိုင်းတွင် ဈေးဝယ်ထွက်ကြရင်း ညနေစာကို Local Restaurant တွင် ၀င်ရောက်သုံးဆောင်ပါမည်။ တစ်နေ့တာ ပင်ပန်းသမျှကို ဟိုတယ်တွင် အိပ်စက်အနားယူပါမည်။

 

Day 3: Bangkok (B, D)
နံနက်စာကို ဟိုတယ်တွင်သုံးဆောင်ပြီး လူကြီးမင်းတို့ စိတ်တိုင်းကျ လွတ်လပ်စွာဈေးဝယ်ထွက်နိုင်ပါသည်။ ညနေပိုင်းတွင် ကျောက်ဘုရားမြစ်အတွင်း အပျော်စီးသင်္ဘောပေါ်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၏ ညအလှကိုကြည့်ရှုခံစားရင်း ဘူဖေးအစား အသောက်မျိုးစုံကို  တေးသံသာများနှင့်အတူ ခံစားနားဆင် သုံးဆောင်ကြပါမည်။ ထို့နောက် ဟိုတယ်တွင် အိပ်စက်အနားယူပါမည်။

 

Day 4: Bangkok – Yangon (B)
ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီး လွတ်လွတ်လပ်လပ် ဈေးဝယ်ထွက်နိုင်ပါသည်။ ညနေ ၃း၀၀ နာရီအချိန်တွင် ဟိုတယ်မှ Check-out လုပ်ပြီး ထိုင်းနိုင်ငံအပြည်ပြည်ဆိုင်ရာ သုဝဏ္ဏဘူမိလေဆိပ်သို့ စတင်ထွက်ခွာပါပြီး မြန်မာ့လေကြောင်းခရီးစဉ် 8M 332 ဖြင့် မြန်မာနိုင်ငံအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ည ၇း၀၀ နာရီတွင် ပျံသန်းထွက်ခွာပါမည်။ မြန်မာနိုင်ငံ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့  ည ၈း၀၅ နာရီတွင် ပြန်လည်ရောက်ရှိပါမည်။

 

- ပတ္တရားမြို့တွင် တည်းခိုမည့်ဟိုတယ် - Monaa Place

- ဘန်ကောက်မြို့တွင် တည်းခိုမည့်ဟိုတယ် - Forum Park Sathon

 

ခရီးစဉ်တွင် ပါဝင်သောဝန်ဆောင်မှုများ

  • ကီလို ၂၀ ပါဝင်သော ရန်ကုန် - ဘန်ကောက် - ရန်ကုန် အသွားအပြန်လေယာဉ်လက်မှတ်

  • ထိုင်းနိုင်ငံ ပြည်ဝင်ခွင့်ဗီဇာနှင့် ၀န်ဆောင်ခ

  • လေယာဉ်ပေါ်တွင် ကျွေးမွေးသော အစားအသောက်

  • ဟိုတယ် တည်းခိုခ (၁ ခန်းလျှင် ၂ ယောက်နှုန်း)

  • ခရီးစဉ်တွင် ဖော်ပြထားသော သွားရောက်လည်ပတ်သည့် နေရာများအတွက် ၀င်ကြေးများ

  • ခရီးစဉ်တွင် ဖော်ပြထားသော နံနက်စာ၊ နေ့လည်စာ၊ ညစာများ ( Breakfast, Lunch, Dinner)

  • ဒေသဆိုင်ရာ ဧည့်လမ်းညွှန်

  • ပို့ဆောင်ရေး အစီအစဉ်များ

  • နယူးဟိုင်းလိုက်မှ အုပ်စုခေါင်းဆောင် (Tour Leader)

  • ဧည့်လမ်းညွှန်နှင့် ကားသမားများအတွက် Tip Money များ

~~~~ ကြည်နူးပျော်ရွှင်ဖွယ်ရာ ခရီးစဉ်ဖြစ်ပါစေကြောင်း NEW HIGHLIGHT မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါသည် ~~~~

Tour Program Type: